မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။

Tuesday, February 23, 2010

အကယ်၍ မင်းအသိုင်းဝိုင်းက တုန်လှုပ် ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်း အပြစ်တင်ကြတဲ့ အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်။''









"မင်းမှာစိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်..."
. . .

အကယ်၍
မင်းအသိုင်းဝိုင်းက တုန်လှုပ် ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့
ဝိုင်းဝန်း အပြစ်တင်ကြတဲ့ အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်
ခွင့်လွှတ်ရင်းနဲ့ မင်းကိုမင်း ယုံကြည်မယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်း မမောပန်းဘဲ နေနှိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မတရားမုသားစကား ကြားတဲ့အခါ မင်းကလည်း အလိမ်အညာ တွေနဲ့
ပြန်မတုန့်ပြန်ဘူးဆိုရင်။

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းမုန်းတီတဲ့အခါ မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင်။

ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ပဲ ပညာရှိစကားတွေကိုလည်း
မလွန်ဆန်ဘူးဆိုရင်။

အကယ်၍
စိတ်ကူးယဉ် အိမ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ တွေးခေါ်နိုင်မယ်ဆိုရင်။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေရတဲ့အခါ တူညီသော
လောကခံတရားပါးလားရယ်လို့ ခံယူထားနှိုင်မယ်ဆိုရင်။

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ မင်းဟာတည်ငြိမ်စွာနဲ့
နာကြားနိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးကိုပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတလက် ကြက်တခုန်ပမာ တလည့်တခါတည်နဲ့
ဆုံးရှုံးသွားခဲ့ရင်။

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်။

ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။

အကယ်၍
သူများတကာလုပ်ပြီးသွားလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်။

အဲဒီလိုပဲ
မင်းမှာစိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်။

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်း
နိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမဲ့ မာန်မာနသွေမကြွဘူးဆိုရင်။

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီးနာကျည်းအောင် မလုပ်နိုင်ရင်။

အကယ်၍
လူတိုင်းကိုတန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့
စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်။

ငါ့သားရေ…
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာဘာမဆို
မင်းစွမ်းဆောင်နိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလည်း
ယောကျာင်္းကောင်းတစ်ယောက်ပေါ့။”

(မေမေ ဒေါ်ဆောင်ဆန်းစုကြည်၏ စာသားများကိုခံစားမှုဖြင့်
ပြန်လည်တင်ပြခြင်းဖြစ်ပါသည်)
:minemine

--------------------------------------------------------------------------------------------------------------------------

If

If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,

Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream -- and not make dreams your master;
If you can think -- and not make thoughts your aim;

If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,

And stoop and build 'em up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;

If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,

Or walk with kings -- nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run --

Yours is the Earth and everything that's in it,
And -- which is more -- you'll be a Man, my son!
:minemine

Wednesday, February 17, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈) STDs

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာလဲ အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ “ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ “ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။ အမိန့်နာခံသူကို ရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ ယဉ်ကျေးမှုပေါ့။

ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသား တွေရော အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက် တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကို ကြောက်ဘို့ ကောင်းတယ်။

ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် “ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်” လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှမဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ”လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lymphogranuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။

Dr. တင့်ဆွေ
၁၄-၂-၂ဝ၁ဝ

Valentine's Day ဒိုင်ယာရီ























Valentine's Day ဖြစ်ပေါ်ပုံ ဗယ်လင်တိုင်း၏ ဒဏ္ဍာရီ အလယ်ခေတ် ကာလက ဖြစ်သည်။ ရောမပြည်တွင် စိန့်ဗယ်လင်တိုင်း၏ ဒဏ္ဍာရီဆန်ဆန် ပုံပြင်မှာ ဥရောပ အလယ်ခေတ်ကာလက ဖြစ်သည်။ ရောမပြည်တွင် စိန့်ဗယ်လင်တိုင်းဟု ခေါ်သော ခရစ်ယာန်ရဟန်းပျိုတစ်ပါးရှိခဲ့၏။ ရောမဧကရာဇ်က အမိန့် ထုတ်ထားချိန်တွင် စိန့်ဗယ်လင်တိုင်းက ချစ်သူစုံတွဲများကို ခရစ်ယာန်ထုံးစံအတိုင်းတိုးတိုးတိတ်တိတ်လက်ထပ်ပေးနေခဲ့၏ ထိုသတင်းကို ရောမဧကရာဇ်ကြား၍ စိန့်ဗယ်လင်တိုင်း ကို အမိန့်မနာခံမှုဖြင့် အရေးယူခဲ့ပြီး ထောင်သွင်းအကျဉ်းချထား လိုက်၏။ ထို့နောက် စိန့်ဗယ်လင်တိုင်းအနေဖြင့် နောက်နောင် ယင်းကဲ့သို့ ခရစ်ယာန်ထုံးစံအတိုင်း တိုးတိုးတိတ်တိတ် လက်ထပ် ပေးခြင်းမပြုပါဟု ခံဝန်ကတိပေးလျှင် ပြန်လွှတ်ပေးမည်ဟု ရောမဧကရာဇ် ကဆိုသည်။ စိန့်ဗယ်လင်တိုင်းက ထိုအချက်ကိုလက်မခံ။ ထို့ကြောင့် ဧကရာဇ်က စိန့်ဗယ်လင်တိုင်းကို အဆုံးစီရင်လိုက်သည်။ အဆုံးစီရင်ခြင်း မခံရမီ စိန့်ဗယ်လင်တိုင်းသည် သူ့ချစ်သူ ထောင်မှူးကြီး၏ သမီးထံ စာတစ်စောင်ရေးပေးခဲ့ပြီး စာအဆုံးတွင် 'သင့်ရဲ့ဗယ်လင်တိုင်း' ဟု လက်မှတ် ထိုးပေးလိုက်သည်။ သို့နှင့် ချစ်သူတိုင်း ညားကြစေရန် အကျိုးဆောင်ခဲ့သည့် ဗယ်လင်တိုင်းကို ဂုဏ်ပြု၍ ဗယ်လင်တိုင်း စီရင်ခံရသည့် ဖေဖော်ဝါရီ (၁၄)ရက်ကို သတ်မှတ်ခဲ့ကြသည်။
ဗယ်လင်တိုင်း လက်ဆောင်၏ သင်္ကေတမှာ အနီရဲရဲနှင်းဆီတစ်ပွင့်နှင့် ချောကလက်တစ်တောင့် ဖြစ်သည်။ ယောင်္ကျားလေးက မိန်းကလေးကို ပေးရပြီး မိန်းကလေးက သူစိတ်ဝင်စားသော ယောင်္ကျားလေးကို ပေးခွင့်မရှိဟု အမေရိကန်လူထုက ယနေ့တိုင် လက်ခံဆင်နွဲနေသည့် ဗယ်လင်တိုင်းနေ့ပင် ဖြစ်ပါသည်။
ဗယ်လင်တိုင်း၏ ချစ်သင်္ကေတမှာ အနီရဲရပန်းပွင့်အရေအတွက်နှင့် သင်္ကေတကို အမျိုးမျိုး ဖွဲ့ဆိုထားသည်ကိုလည်း တွေ့ရသည်။
'ပန်းပွင့်' အရေအတွက်နှင့်သင်္ကေတ
(၁)ပွင့် မင်းက ကိုယ့်ရဲ့တစ်ဦးတည်းသောအချစ်
(၂)ပွင့် မင်းနဲ့ကိုယ် အပြန်အလှန် မှီခိုဆက်နွယ်နေတယ်
(၃)ပွင့် I Love You
(၄)ပွင့် သစ္စာတရားနှင့် ကတိပြုလျက်
(၅)ပွင့် နောင်တမရှိဘူး
(၆)ပွင့် အဆင်ပြေချောမွေ့
(၇)ပွင့် Lucky Seven (မင်္ဂလာရှိသော ကိစ္စနှင့် တွေ့ဆုံတဲ့အခါ)
(၈)ပွင့် ပေးဆပ်သည်
(၉)ပွင့် နှစ်ပေါင်းကြာရှည်စွာ အချင်းချင်း ပြုစုစောင့်ရှောက်မှု ခိုင်မြဲ
(၁ဝ)ပွင့် ခြောက်ပစ်ကင်းသဲလဲစင်
(၁၁)ပွင့် အချစ်ဆုံး
(၁၂)ပွင့် ချောမွေ့ပြေပြစ်သည်
(၂၄)ပွင့် အချိန်မရွေးအမြဲမလပ် မင်းကိုလွမ်း သတိရသည်
(၃၃)ပွင့် သုံးဘဝ (၅၀)ပွင့် ထာဝရရှင်သန်လျက်ရှိသော အချစ်
(၆၆)ပွင့် ရေစီးကြောင်းကလေးကဲ့သို့ အမြဲမပြတ်စီးဆင်းလျက်
(၉၉)ပွင့် မိုးကောင်းကင်နှင့် ၀သုန်မြေကဲ့သို့ ကာလထောင်ရှည်ကြာစွာ တည်ရှိမည်
(၁ဝဝ)ပွင့် အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း၊ ရာသက်ပန်ပေါင်း
(၁ဝ၁)ပွင့် ထာဝစဉ်ထာဝရ
(၁ဝ၈)ပွင့် မပြီးဆုံးနိုင်တဲ့အချစ်၊ မကုန်ဆုံးနိုင်တဲ့အချစ်
(၃၆၅)ပွင့် နေ့တိုင်းသတိရတယ်
(၉၉၉)ပွင့် မိုးကောင်းကင်နှင့် ဝသုန်မြေကဲ့သို့ ကာလရှည် ကြာစွာ တည်ရှိမည်
(၁ဝဝဝ)ပွင့် နှစ်ပေါင်းထောင်သောင်းတိုင်အောင် မင်းကိုချစ်တယ်'' ဟု အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားကြောင်း သိရှိရပါသည်။