မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။

Saturday, December 25, 2010

Happy X'mas












*★Merry★* 。 • ˚ ˚ ˛ ˚ ˛ •
•。★Christmas★ 。* 。
° 。 ° ˚* Π____*。*˚
˚ ˛ •˛•*/______/~\。˚ ˚ ˛
˚ ˛ •˛• | 田田|門| ˚And a Happy New Year To You!!
a good year

Which my way

which one is my way ,
today I'm wake up at 10:54 am
so boring in my life this day
but, i try a wake my eye still close
today i have to going interview on (3:00 pm) for work
WHEN , WHERE , WHAT

ကူညီမှု့သည် လူသားတိုင်းရဲ့တာဝန်သာ !




" IF NOT" YOUR DIE !

Monday, September 13, 2010

သူငယ်ချင်း














အတိတ်က အရိပ်
ငါ့စိတ်ထဲက ပြေးမထွက်ဘူး
ခင်မင် ပေါင်းသင်း သူယ်ချင်း
တွေ ငါခင်မင်တယ်

တစ်ယောက်တစ်မျိုး
မရိုးနိုင်အောင်
စကားတွေဖလှယ်လို့
ဆည်းဆာညိုတဲ့ ညနေစောင်းမှာ
ငါတတို့ တစ်တွေ
အတူရှိမနေခဲ့ဘူး။

မနက်ဖြန် အာရုဏ်တက်တွေမှာ
ကြက်သွေးရောင် ပတ္တမြား တစ်လုံး
အရှေ့အရပ်ကနေ ထွက်လာတဲ့
နေမင်းလဲ ........
ငါတို့ မမြင်ရတာ
ငါ့ရင်မှာ ..... အို...... နေပြီ

မြို့ပြရဲ့ အလင်းရောင်နဲ့
လမင်းကြီး မျက်နှာငယ်တာ
ငါတို့ အိမ်အပြန်လမ်းမှာ
မြင်တွေ့နေတာ ရိုးအီလို့နေပြီ

မှိတ်တုတ် မှိတ်တုတ်
ကြယ်ရောင်တွေလဲ
ဟော..ဒီ သတ္တ ၊ ကမ္ဘာလူသားတွေကို
ဒီလို.... မြို့ပြ ကြီးထဲမှာ
လမ်းမပြရဲ ရှာဘူး
ဒါပေမဲ့ ... သူငယ်ချင်းရေ
ငါတို့ အိမ် အပြန်လမ်းအတွက် ...... လမ်းပြကြယ်လေးတွေ လိုအပ်နေဆဲပါ။

Monday, September 6, 2010

ပလုံ .. ပလုံ...




ခေါင်းညိတ် ခေါင်းခါ
မျက်နှာလွှဲဝယ်
ပင့်သက်တိုးတိတ်
နှုတ်ဆိတ်နေမယ်
အမြင် အကြည့်
မယှဉ်မိကြောင်း
သခင် ...... သိရင်တော်ပါပြီ
တာရာမင်းဝေ

Tuesday, June 15, 2010

မျော်လင့်ခြင်းမဲ့ ...ဝိုင်

အပြင်းစား ဝိုင်တစ်ချို့
ငါမော့လိုက်တော့
ထွက်ကျလာတာ က
ဆင့်ကဲအမုန်းတွေ
ဇင်ယော်တောင်မျက်ခုံးလေးက
လေအဟုန်မှာစီးလို
အကြည့်တစ်ချက်က
ရင်းချင်းအပ်၊ ရင်ခြင်းဆက်ပမာ
ကော့စင်းနေတဲ့နှာတံတစ်ချို့
ငါကြည်မဝခဲ့ဘူး မိန်ကလေး
ပြီးဆုံးခဲ့တဲ့အတိတ်
ငါထပ်ပြီးငါမလွမ်းချင်သလို ၊ ငါ့မျက်ရည်တွေနဲ့
စွတ်စိုခွင့်မပြုနိုင်တော့ဘူ
ဝေးကွာနေရတဲ့အဖြစ်မျိုး
ငါထပ်မပိုင်ဆိုင်ချင်ဘူး
လေနှင်ရာပြေးတဲ့ငါ့အတွေးကမ္ဘာ
ဝိုင်သောက်ပြီး
လွမ်းချင်တိုင်လွမ်းမယ်
မျှေားချင်တိုင်းမျှေားမယ်
အဲဒါငါ့ကိစ္စပါကွာ။

Monday, June 14, 2010

ကျေား ပိုက်သူ

တစ်နေ့စာအလွှဲတွေ
ခုတ်မောင်းလာတဲ့
ရထားတစ်စီးလို
ငါဆိုတဲ့ ကောင် က
ဒဏ်ရာအပြည့်နဲ့
ဝေဒနာအထုပ်
ကျေားပိုးလိုသယ်လာခဲ့တယ်
လောကဓံရယ်
အဖြစ်မှန်ကို မင်း မသိချင်နေပါ
ဒါပေမဲ့
မျက်ကွယ်မပြုလိုက်ပါနဲ့ဟာ
ဓားသွားပေါ်က ပျားရည်စက်ဆိုရင်တောင်
ငါ့ရင်နဲ့ နှလုံးသားကို ခုတ်ထစ်သွားပါစေ
မြိန်ဆက်စွာ စားသုံးနေခဲ့ချင်တာ ငါပါ။

စိတ်ကူးဆက်သူ

တစ်စုံ တစ်ခုကို
ကြားလိုက်မိသလို
နှလုံးသားကခံစားမိ၏။

သစ်ရွက်လှုပ်တိုင်း
ရင်ခုန်တတ်တဲ့အရွယ်လည်း
မဟုတ်တော့သလို
ကြားဟိန်းသံကြားလို့လဲ
ရင်မတုန်တတ်တဲ့အရွယ်

ဘာကြောင့်များလဲကွယ်

ငါ့နှလုံးသားမှာ
တစ်စုံ တစ်ခုဟာ
ဝင်ရောက် ကပ်ငြိ
နေမိပြီ ကောင်မလေးရယ်။

မြို့လေး သို့ လွမ်းဆွတ်ခြင်း

လွမ်းတယ်
အဖြူရောင်အတိပြီးတဲ့
ဟို အဝေးဆီက မြို့လေးပေါ့။

ငါ့အိမ်မက်တွေကိုမွေးဖွားပေးခဲ့တဲ့
မြေနီလမ်းလေးရယ်......
ရူးသွပ်မှုတွေကို ဖန်တီးပေးခဲ့တဲ့
တောင်တန်းပြာရယ်
အေးစက်တိတ်ဆိတ်နေတဲ့
ဆောင်းညလေးထဲက
နွေးထွေးတဲနှုတ်ခမ်းလေးရယ်
ဝိုးတဝါးဆောင်းမနက်ခင်းထဲက
ငါ့ကိုရင်ခုန်စေတတ်ခဲ့တဲ့
မျက်ဝန်းလေးရယ်
အသဲကွဲပြီး ငါငိုကြွေးခဲ့ရတဲ့ချိန်
ငြိမ်သက်စွာအဖော်ပြုပေးခဲ့တဲ့
မြက်ခင်းစိမ်းလေးရယ်
ငါ့ရဲ့ဂီတသံကို တိတ်တိတ်လေးနားဆင်ပေးခဲ့တဲ့
လရောင်အောက်က ရေလှိုင်းလေတွေရယ်
အိမ်မက်အသစ်တွေကို
အတူထုဆစ်ခဲ့ကြတဲ့
ငါ့ရဲ့
အဖြူရောင်သူငယ်ချင်းတွေရယ်
လွမ်းတယ်။

ကပ် ငြိ နေတဲ့ နင်






နင့်ရဲ့အသံလှိုင်းတွေက
ငါ့ရင်မှာ ကပ်ငြိတယ်။

နင့်ရဲ့စည်းရုံးမှု့တွေက
ငါ့ရင်မှာ ကပ်ငြိတယ်။

နင့်ရဲ့ပုံရိပ်လွှာတိုင်းနဲ့
ခြေသံတွေလဲ
ငါ့ရင်မှာ ကပ်ငြိ တယ်။

နင့်ရဲ့စူးရုတဲ့မြည်ဟီးသံတွေ
ငါ့နားစည်ထဲကိုကျည်တစ်တောင့်ပြစ်ရိုက်လိုက်သလို
လေရဲ့လျှင်မြန်မှု့အတိုင်း
လိုက်လာလေရဲ့

သွားစမ်းကွာ

တောက်
ရက်စက်တဲ့မုန်တိုင်း
ငါမသိပဲ ငါ့ရဲ့နံနက်ခင်းတေးသွားတွေအလှတွေကို
ရိုက်ချိုးခဲ့တယ်။

လေပြင်းတွေလာခြွေမှ့တော့
သေမင်းတစ်နှယ်ဆီရောက်ခဲ့ပြီပေါ့
နင့်ရဲ့လက်သုံးတော်စွဲစကားလေး
ကံမကုန်ရင် ပြန်ဆုံကြမတဲ့။

နဖူးစာကရွာလည်တာလား
မင်းကပဲရွာလည်နေတာများလား " မိန်းကလေး "
ဒါမှမဟုတ်
ငါကပဲရွာလည်တာလား
အဖြေကို ငါမသိခဲ့။

တစ်ချို့ကိစ္စတွေ
ငါမသိချင်ယောင်ဆောင်နေခဲ့တယ်
အဲဒီပဟေဠိတွေကြောင့်ပဲ

နင့်ကို ငါ မုန်းတယ်

ဒါပေမဲ့ နင် ဆိုတဲ့ နင်ကတော့
ငါ့ရင်မှာ ကပ်ငြိ နေတုန်းပဲ ။

အဆိပ်သင့် " ည "

ဒဏ်ရာရတေးတစ်ပုဒ်ကို
ညည်းရင်းနဲ့ MARCH မှာ
ငါ့ရဲ့မျှော်လင့်ခြင်းမဲ့မိုးတိမ်တွေ
ရွာသွန်းခဲ့တယ်။

ကြက်မ တွန်လို့မိုးမလင်းပေမဲ့
ငါ့အတွက်တော့
အဲ့ဒီညတွေအတွက်ပြောင်းပြန်အချိုးကျနေခဲတယ်။

မှောင်မိုက်တဲ့ညတစ်စုံလို
လရောင်လဲကင်းမဲ့နေခဲ့လို့အဆိပ်သင့်
ကလေးတစ်ယောက်လို
ငိုကြွေးဟစ်အော်ခဲ့ရတဲ့ ည တစ် ည ပေါ့
ဒါပေမဲ့
ကလေးတစ်ယောက်လို
တမ်းတဖို့လဲမဖြစ်နိုင်တော့ဘူးလေ။

လရောင်မရှိပေမဲ့
ကြယ်လေးတွေကိုအဖော်ပြု
ငါ့ သမိုင် ငါ ရေး
ငါ့ မြင်း ငါစိုင်း
ပဲပေါ့
ဘာတွေလွမ်းမေားရအုံးမှာလဲ ကောင်မလေးရယ်။

" မိန်းကလေးတစ်ယောက် ငါ့ရဲ့ မျှော်လင့်ချက်တွေရိုက်ချိုးတဲ့အနက်ရောင် ည " မိုင်းမိုင်

အကြည့်

မင့်အကြည်တစ်ချက်
သာမန်အကြည့်မဟုတ်ခဲ့ဘူး
တော်ဝင်မျက်လုံးတွေနဲ့
လေစင်ရိုင်းလေးလို
မင်အကြည့်ငါ့ရင်ကိုစွဲမက်စေ၏။

Monday, May 31, 2010

အကြွေကောက်

ဝတ်မှုံကူးတဲ့ပန်းတွေ
အဖူး၊အပွင့်၊အငုံအဆင့်တွေ
လှသွေးကြွယ်ချိန်လေးတွေမို့
ဖူးပွင့်ညှာရှင၊်ခါတော်မရင့်ခင်
ပန်ချင်သူကပေါးများဘိနဲ့
ပျိုတိုင်းကြိုက်တဲ့နှင်းဆီ
တစ်ခိုင်လို။

ငါတို့ရဲ့ရမ္မက်
မာယာနဲ့ရေားစပ်ထားတဲ့
အဆိပ်သင့်ဆူးတစ်ချောင်လို
မင့်ရဲ့ရင်ထဲကိုငါဆိုတဲ့ကောင်
ဆူးတစ်ချောင်လိုအသည်းနှလုံးကိုစူးနစ်ပြီး
ယောင်တောင်တောင်နဲ့မင့်ရဲ့ကမ္ဘာထဲကိုအလည်ရောက်ဖူးတယ်။

မကြွေသင့်ပဲအကြွေစေားတဲ့ပန်းတွေ
မကြွေသင့်ပဲကြွေခဲ့ရတဲ့မင်းတိုလေးတွေ
အကြွေကောက်လက်ကလေးတွေ
အကြွေကောက်ဆဲငါတို့ရဲ့
အတွေးကွန်ယက်လေးတွေ
ရင်လှိုက်ဖို့တမျှ
ဖြစ်နေလေပြီ။

မလှမပဖြစ်နေရတဲ့
ငါတို့ရဲ့ရင်ခွင်နယ်ပယ်အသီးသီးမှာ
ဒီပန်းလေးတွေရှင်သန်ဖို့
မသင့်ပါဘူး။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မိုင်းမိုင်
အတွေး

Tuesday, May 25, 2010

နေရာ

တစ်ထောင့်တစ်နေရာက
ငါ့ရဲ့အချစ်တွေ
နားလည်မှုမပေးတတ်တဲ့
ချစ်သူတစ်ယောက်အတွက်
ရင်ခုန်တိုင်းအချစ်တွေကို
...ငါ့ရဲ့ရင်ဘက်ထဲကဖွင့်ဟလာတတ်တဲ့
အချိုမြိန်ဆုံးလိုထင်ခဲ့တဲ့နှစ်ချို.ဝိုင်တစ်ချို.ရယ်
နင်ရယ်ငါရယ်
အပြာရောင်ကောင်းကင်ရယ်
ဓာတ်လှေကားနားက
ငါတို့အတူထိုင်ဖူးတဲ့
လှေကားထစ်တွေရယ်
နင်ခွင့်ကျွေးဖူးတဲ့ထမင်း
တစ်ဇွန်းရယ်
နင်နဲ့အတူထိုင်သောက်ဖူးတဲ့ငါတို့ဆိုင်
ကော်ဖီဘားနားက
ကော်ဖီခွက်လေးတွေရယ်
ငါထမင်းမစားတော့နင်က
"မိုင်း"
ထမင်းဘာလို့မစားတာလည်း
ဆိုတဲ့စကားသံတွေရယ်
ရွှေတိဂုံဘုရားပေါ်မှာနင်နဲ့ငါရွှေသင်္ကန်း
ကပ်လှူခဲ့ဘူးတဲ့နေရာနဲ.ဦး......ဒေါ်..........ဆိုပြီးရေးထိုးပေး
ခဲ့တဲ့billတစ်ချိုရယ်
အမှတ်တရတွေ
အမှတ်တရတွေ
အမှတ်တရတွေ
အမှတ်တရတွေ.......
အခုတော့ဒါတွေက
ငါ့ဘက်မှာရှိမနေခဲ့
ခေါင်းလောင်းထိုးအမျှဝေပေးရတော့မှာလား
နားလည်မပေးနိုင်တဲ့ချစ်သူတစ်ယောက်အတွက်
မိုင်းမိုင်

Sunday, May 16, 2010

အချစ်အက္ခရာ A To Z

Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ် ။

Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ် ။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး ၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ် ။

Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ ။ ဖုန်းလေးတစ်ချက် နဲ့ "အလုပ်ပင်ပန်းလား?" ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော် အနွေးထည်ထပ်ဖို့ မမေ့နဲ့" ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ် ။

Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ် ။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့ အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ် ။

Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင် ၊ ကြည်နူးခြင်းတွေ ကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ် ။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ် ။

Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ် ။ ကိုယ်နဲ့ အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး ။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ် ။

Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး ။ ဒါပေမယ့် မပေးဆပ်ရင် တော့ လုံးဝပြန်ရဖို့ မရှိပါဘူး ။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ် ။

Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ် ။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ် ၊ ကြင်နာနားလည်သင့်ပါတယ် ။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါ ဘူး ။

Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ် ။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ် ။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန် ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ် ။

Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို ၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ် ။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး ။ အကျိုးအကြောင်း
အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ် ။

Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့ ။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု ၊ ကြင်နာမှုကို ပြသနိုင်ပါတယ် ။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး ။

Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး ။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ် ။ "ချစ်တယ်" ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ ? အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ် ။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး ။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့ အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ် ။

Natural (ပင်ကို ၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ် ။ အဲဒီ အားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ် ။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ် ၊ သဘာဝ အတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ် ။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေ သလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ် ။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုး ဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုး ရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ် ။

Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု ၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေး ရပါမယ် ။ လူတွေကြားမှာ သူ့အရှက်မရဖို့ ၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ် ။

Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ် ။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထား နဲ့ ခွင့်လွတ်သင့်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ ။

Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး ၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး ။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ် စေပါတယ် ။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ် ။ ဒါဟာ
နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ် ။

Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင် ၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ် ။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ် ။

Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ် ။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး ။

Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ် ။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ် ။

Veracity (ဖြောင့်မှန် ၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန် ၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ် ။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး ။ အချင်းချင်း အချစ်ညာစားသူ
မဖြစ်စေချင်ကြပါဘူး ။

Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံ လိုအပ်ချက်လေးဖြစ်တယ် ။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ် ။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ် ။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို
နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး ။

X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွား နိုင်ပါတယ် ။

Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ် ။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်း ကို ငြိမ်းအေးစေပါတယ် ။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို
အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ် ။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ် ။

Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ် ၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ ၊ ကြင်နာစက ခံစားချက်မျိုး ၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး ။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင် ၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ
အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ် ။

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ် ။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့ ၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ် ။ အချစ်အက္ခရာ A to Z ကို အင်္ဂလိပ်ဘာသာ ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ် ။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ထပ်ဘာသာပြန်ဆိုပါတယ် ။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ် ။ အားလုံး ချစ်နိုင်ကြပါစေ...

Received From Mail

Tags: ရသစုံဆောင်းပါးများ

Saturday, May 15, 2010

သားမိုက်

ချစ်ဇေားတွေဝေဖီ
သားအတွက်
်မျှော်လင့်ချက်ကြီးရှာတဲ့အမေ
တကယ်ဆို
ကျွန်တော်နားလည်သင့်တာပေါ့။

ကျောင်းပညာတွေသင်
လူရာဝင်ဖို.
အမေ,ပိုက်ဆံ မှန်မှန်ပို.မယ်
ဘာမှ.အားမငယ်နဲ.
ငါ့သားတဲ့။

ဒီကျေးဇူးတွေကို တကယ်ဆို
ကျွန်တော်နားလည်သင့်တာပေါ့
အခုတော့ကျွန်တော်ပျက်စီး
ရတက်မီးတွေဖြာခဲ့ရပေါ
အမေရယ်
ကျွန်တော်ကိုခွင့်လွှတ်ပါ။
သားမိုက်ကိုချီးကြူးစကားဆိုတဲ့ မိဘနဲ့ သားမိုက်များသို့.....

အမှတ်တရရာသီ

နွေခေါင်ခေါင်ပူပြင်း
နေမင်းရဲ့အရှိန်အ၀ါ
ပူပြင်းလို.ထိန်ညီလင်း
နေမင်းရောင်ဝါ
တံခူးနဲ.တပေါင်းမှာ
ပူအိုက်လိုအအေးရှာကြ
တစ်နှစ်တာဤကာလမှာ
ထူးသည့် သည်လ။

နွေတခေါက်ရဲ့တို.အညာ မိုင်းမိုင်

ငါ့တို.အနာဂတ်ရဲ့မလေးရှား

ရာသီမမှန်တဲ့မလေးရှားကမိုးခါးညမှာ
ဒုက္ခတွေပိုက်ရင်းရှောင်လို.တိမ်းလို.
မလွတ်ရင်အမိခံ။

မတောက်တခေါက်တတ်တဲ
မင်းတို.ရဲ့ဘာသာစကား
စာတု
ဒူးဝါး
တိဂါးနဲ.ရေရွတ်။

ဒီလိုနဲ.
ငါတို.ရဲ့ အိုဗာစတေး ဘ၀က
လူသား။


ဒီလိုနဲ.
အရောင်ရောင်အမှားမှားတွေဖြစ်
ဟိုခြစ်၊ ဒီခြစ်
စာတွေ၊ကဗျာတွေဖြစ်လို.။

ငါတို.ရဲ့မချိုမြိန်တဲ့
ဝိုင်ချိုချိုနေ.ရက်လေးတွေ
မင်းတို.မသောက်သုံးမိ
ပါစေနဲ.ကွာ။

Friday, April 23, 2010

သင့်အခြေအနေနဲ့ ကမ္ဘာ့ အနေအထား












အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝ ယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝ ယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာနားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက....

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ ၁ဝ သိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းခံမထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း ၃ဝဝဝ ထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။

အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။

အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။

အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။

အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေသန်း ၂ဝဝဝ ဟာ စာမဖတ်တတ်လို့ပါပဲ။

အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောကဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ကြပါ။
Forwarded mail မှပြန်လည်မျှဝေလိုက်ပါသည်။

Tuesday, March 16, 2010

ဘ၀ထဲကသင်ခန်းစာ

ပြစ်တင် ရှုံ့ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

သူရဲဘောကြောင်လူတောမတိုးတဲ့စိတ်
ဓာတ်တွေ ရလာစေတယ်။


ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ

ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။


ယုံကြည်စိတ်ချမှု ကင်းမဲ့စွာနေခဲ့ရတဲ့ကလေးဟာ
လိမ်လည်လှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။


ရန်ဘက်ပဋိပက္ခတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ
ရန်လိုမင်းထက်ပြုမူတတ်တဲ့စိတ်တွေရလာစေတယ်။


ချစ်ခင်နှစ်သက်မှုနဲ့နေခဲ့ရတဲ့ကလေးဟာ
ချစ်တတ်ခင်တတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။


မှန်ကန်ဖြောင့်မတ်သူတွေနဲ့နေခဲ့ရတဲ့ကလေးဟာ
တရားမျှတမှုစိတ်ဓာတ်ကိုရလာစေတယ်။


ချီးကျုးထောပနာပြုမှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ
တန်ဖိုးထားလေးစားတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။


မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ
စာနာသက်ညှာတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။


အသိဥာဏ်ဗဟုသုတတွေနဲ့နေခဲ့ရတဲ့ကလေးဟာ
သည်းခံတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။


ပျော်ရွှင်မှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ
မေထ္ထာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။


လူထုစိန်ဝင်း

Friday, March 5, 2010

သူငယ်ချင်းရေ....








သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
1Utama (2nd) အပေါ်က SHOGUN Restoran မှာတောင်
လူမရှိတာ ကြာပြီဟ။

သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။

သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။

သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။

သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။

သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။

သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။

ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။

နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ....။

Tuesday, February 23, 2010

အကယ်၍ မင်းအသိုင်းဝိုင်းက တုန်လှုပ် ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်း အပြစ်တင်ကြတဲ့ အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်။''









"မင်းမှာစိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်..."
. . .

အကယ်၍
မင်းအသိုင်းဝိုင်းက တုန်လှုပ် ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့
ဝိုင်းဝန်း အပြစ်တင်ကြတဲ့ အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်
ခွင့်လွှတ်ရင်းနဲ့ မင်းကိုမင်း ယုံကြည်မယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်း မမောပန်းဘဲ နေနှိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မတရားမုသားစကား ကြားတဲ့အခါ မင်းကလည်း အလိမ်အညာ တွေနဲ့
ပြန်မတုန့်ပြန်ဘူးဆိုရင်။

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းမုန်းတီတဲ့အခါ မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင်။

ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ပဲ ပညာရှိစကားတွေကိုလည်း
မလွန်ဆန်ဘူးဆိုရင်။

အကယ်၍
စိတ်ကူးယဉ် အိမ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ တွေးခေါ်နိုင်မယ်ဆိုရင်။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေရတဲ့အခါ တူညီသော
လောကခံတရားပါးလားရယ်လို့ ခံယူထားနှိုင်မယ်ဆိုရင်။

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ မင်းဟာတည်ငြိမ်စွာနဲ့
နာကြားနိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးကိုပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတလက် ကြက်တခုန်ပမာ တလည့်တခါတည်နဲ့
ဆုံးရှုံးသွားခဲ့ရင်။

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်။

ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။

အကယ်၍
သူများတကာလုပ်ပြီးသွားလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်။

အဲဒီလိုပဲ
မင်းမှာစိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်။

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်း
နိုင်မယ်ဆိုရင်။

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမဲ့ မာန်မာနသွေမကြွဘူးဆိုရင်။

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီးနာကျည်းအောင် မလုပ်နိုင်ရင်။

အကယ်၍
လူတိုင်းကိုတန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့
စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်။

ငါ့သားရေ…
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာဘာမဆို
မင်းစွမ်းဆောင်နိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလည်း
ယောကျာင်္းကောင်းတစ်ယောက်ပေါ့။”

(မေမေ ဒေါ်ဆောင်ဆန်းစုကြည်၏ စာသားများကိုခံစားမှုဖြင့်
ပြန်လည်တင်ပြခြင်းဖြစ်ပါသည်)
:minemine

--------------------------------------------------------------------------------------------------------------------------

If

If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,

Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream -- and not make dreams your master;
If you can think -- and not make thoughts your aim;

If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,

And stoop and build 'em up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;

If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,

Or walk with kings -- nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run --

Yours is the Earth and everything that's in it,
And -- which is more -- you'll be a Man, my son!
:minemine

Wednesday, February 17, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈) STDs

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာလဲ အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ “ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ “ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။ အမိန့်နာခံသူကို ရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ ယဉ်ကျေးမှုပေါ့။

ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသား တွေရော အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက် တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကို ကြောက်ဘို့ ကောင်းတယ်။

ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် “ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်” လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှမဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ”လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lymphogranuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။

Dr. တင့်ဆွေ
၁၄-၂-၂ဝ၁ဝ

Valentine's Day ဒိုင်ယာရီ























Valentine's Day ဖြစ်ပေါ်ပုံ ဗယ်လင်တိုင်း၏ ဒဏ္ဍာရီ အလယ်ခေတ် ကာလက ဖြစ်သည်။ ရောမပြည်တွင် စိန့်ဗယ်လင်တိုင်း၏ ဒဏ္ဍာရီဆန်ဆန် ပုံပြင်မှာ ဥရောပ အလယ်ခေတ်ကာလက ဖြစ်သည်။ ရောမပြည်တွင် စိန့်ဗယ်လင်တိုင်းဟု ခေါ်သော ခရစ်ယာန်ရဟန်းပျိုတစ်ပါးရှိခဲ့၏။ ရောမဧကရာဇ်က အမိန့် ထုတ်ထားချိန်တွင် စိန့်ဗယ်လင်တိုင်းက ချစ်သူစုံတွဲများကို ခရစ်ယာန်ထုံးစံအတိုင်းတိုးတိုးတိတ်တိတ်လက်ထပ်ပေးနေခဲ့၏ ထိုသတင်းကို ရောမဧကရာဇ်ကြား၍ စိန့်ဗယ်လင်တိုင်း ကို အမိန့်မနာခံမှုဖြင့် အရေးယူခဲ့ပြီး ထောင်သွင်းအကျဉ်းချထား လိုက်၏။ ထို့နောက် စိန့်ဗယ်လင်တိုင်းအနေဖြင့် နောက်နောင် ယင်းကဲ့သို့ ခရစ်ယာန်ထုံးစံအတိုင်း တိုးတိုးတိတ်တိတ် လက်ထပ် ပေးခြင်းမပြုပါဟု ခံဝန်ကတိပေးလျှင် ပြန်လွှတ်ပေးမည်ဟု ရောမဧကရာဇ် ကဆိုသည်။ စိန့်ဗယ်လင်တိုင်းက ထိုအချက်ကိုလက်မခံ။ ထို့ကြောင့် ဧကရာဇ်က စိန့်ဗယ်လင်တိုင်းကို အဆုံးစီရင်လိုက်သည်။ အဆုံးစီရင်ခြင်း မခံရမီ စိန့်ဗယ်လင်တိုင်းသည် သူ့ချစ်သူ ထောင်မှူးကြီး၏ သမီးထံ စာတစ်စောင်ရေးပေးခဲ့ပြီး စာအဆုံးတွင် 'သင့်ရဲ့ဗယ်လင်တိုင်း' ဟု လက်မှတ် ထိုးပေးလိုက်သည်။ သို့နှင့် ချစ်သူတိုင်း ညားကြစေရန် အကျိုးဆောင်ခဲ့သည့် ဗယ်လင်တိုင်းကို ဂုဏ်ပြု၍ ဗယ်လင်တိုင်း စီရင်ခံရသည့် ဖေဖော်ဝါရီ (၁၄)ရက်ကို သတ်မှတ်ခဲ့ကြသည်။
ဗယ်လင်တိုင်း လက်ဆောင်၏ သင်္ကေတမှာ အနီရဲရဲနှင်းဆီတစ်ပွင့်နှင့် ချောကလက်တစ်တောင့် ဖြစ်သည်။ ယောင်္ကျားလေးက မိန်းကလေးကို ပေးရပြီး မိန်းကလေးက သူစိတ်ဝင်စားသော ယောင်္ကျားလေးကို ပေးခွင့်မရှိဟု အမေရိကန်လူထုက ယနေ့တိုင် လက်ခံဆင်နွဲနေသည့် ဗယ်လင်တိုင်းနေ့ပင် ဖြစ်ပါသည်။
ဗယ်လင်တိုင်း၏ ချစ်သင်္ကေတမှာ အနီရဲရပန်းပွင့်အရေအတွက်နှင့် သင်္ကေတကို အမျိုးမျိုး ဖွဲ့ဆိုထားသည်ကိုလည်း တွေ့ရသည်။
'ပန်းပွင့်' အရေအတွက်နှင့်သင်္ကေတ
(၁)ပွင့် မင်းက ကိုယ့်ရဲ့တစ်ဦးတည်းသောအချစ်
(၂)ပွင့် မင်းနဲ့ကိုယ် အပြန်အလှန် မှီခိုဆက်နွယ်နေတယ်
(၃)ပွင့် I Love You
(၄)ပွင့် သစ္စာတရားနှင့် ကတိပြုလျက်
(၅)ပွင့် နောင်တမရှိဘူး
(၆)ပွင့် အဆင်ပြေချောမွေ့
(၇)ပွင့် Lucky Seven (မင်္ဂလာရှိသော ကိစ္စနှင့် တွေ့ဆုံတဲ့အခါ)
(၈)ပွင့် ပေးဆပ်သည်
(၉)ပွင့် နှစ်ပေါင်းကြာရှည်စွာ အချင်းချင်း ပြုစုစောင့်ရှောက်မှု ခိုင်မြဲ
(၁ဝ)ပွင့် ခြောက်ပစ်ကင်းသဲလဲစင်
(၁၁)ပွင့် အချစ်ဆုံး
(၁၂)ပွင့် ချောမွေ့ပြေပြစ်သည်
(၂၄)ပွင့် အချိန်မရွေးအမြဲမလပ် မင်းကိုလွမ်း သတိရသည်
(၃၃)ပွင့် သုံးဘဝ (၅၀)ပွင့် ထာဝရရှင်သန်လျက်ရှိသော အချစ်
(၆၆)ပွင့် ရေစီးကြောင်းကလေးကဲ့သို့ အမြဲမပြတ်စီးဆင်းလျက်
(၉၉)ပွင့် မိုးကောင်းကင်နှင့် ၀သုန်မြေကဲ့သို့ ကာလထောင်ရှည်ကြာစွာ တည်ရှိမည်
(၁ဝဝ)ပွင့် အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း၊ ရာသက်ပန်ပေါင်း
(၁ဝ၁)ပွင့် ထာဝစဉ်ထာဝရ
(၁ဝ၈)ပွင့် မပြီးဆုံးနိုင်တဲ့အချစ်၊ မကုန်ဆုံးနိုင်တဲ့အချစ်
(၃၆၅)ပွင့် နေ့တိုင်းသတိရတယ်
(၉၉၉)ပွင့် မိုးကောင်းကင်နှင့် ဝသုန်မြေကဲ့သို့ ကာလရှည် ကြာစွာ တည်ရှိမည်
(၁ဝဝဝ)ပွင့် နှစ်ပေါင်းထောင်သောင်းတိုင်အောင် မင်းကိုချစ်တယ်'' ဟု အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားကြောင်း သိရှိရပါသည်။