မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။

Tuesday, June 15, 2010

မျော်လင့်ခြင်းမဲ့ ...ဝိုင်

အပြင်းစား ဝိုင်တစ်ချို့
ငါမော့လိုက်တော့
ထွက်ကျလာတာ က
ဆင့်ကဲအမုန်းတွေ
ဇင်ယော်တောင်မျက်ခုံးလေးက
လေအဟုန်မှာစီးလို
အကြည့်တစ်ချက်က
ရင်းချင်းအပ်၊ ရင်ခြင်းဆက်ပမာ
ကော့စင်းနေတဲ့နှာတံတစ်ချို့
ငါကြည်မဝခဲ့ဘူး မိန်ကလေး
ပြီးဆုံးခဲ့တဲ့အတိတ်
ငါထပ်ပြီးငါမလွမ်းချင်သလို ၊ ငါ့မျက်ရည်တွေနဲ့
စွတ်စိုခွင့်မပြုနိုင်တော့ဘူ
ဝေးကွာနေရတဲ့အဖြစ်မျိုး
ငါထပ်မပိုင်ဆိုင်ချင်ဘူး
လေနှင်ရာပြေးတဲ့ငါ့အတွေးကမ္ဘာ
ဝိုင်သောက်ပြီး
လွမ်းချင်တိုင်လွမ်းမယ်
မျှေားချင်တိုင်းမျှေားမယ်
အဲဒါငါ့ကိစ္စပါကွာ။

Monday, June 14, 2010

ကျေား ပိုက်သူ

တစ်နေ့စာအလွှဲတွေ
ခုတ်မောင်းလာတဲ့
ရထားတစ်စီးလို
ငါဆိုတဲ့ ကောင် က
ဒဏ်ရာအပြည့်နဲ့
ဝေဒနာအထုပ်
ကျေားပိုးလိုသယ်လာခဲ့တယ်
လောကဓံရယ်
အဖြစ်မှန်ကို မင်း မသိချင်နေပါ
ဒါပေမဲ့
မျက်ကွယ်မပြုလိုက်ပါနဲ့ဟာ
ဓားသွားပေါ်က ပျားရည်စက်ဆိုရင်တောင်
ငါ့ရင်နဲ့ နှလုံးသားကို ခုတ်ထစ်သွားပါစေ
မြိန်ဆက်စွာ စားသုံးနေခဲ့ချင်တာ ငါပါ။

စိတ်ကူးဆက်သူ

တစ်စုံ တစ်ခုကို
ကြားလိုက်မိသလို
နှလုံးသားကခံစားမိ၏။

သစ်ရွက်လှုပ်တိုင်း
ရင်ခုန်တတ်တဲ့အရွယ်လည်း
မဟုတ်တော့သလို
ကြားဟိန်းသံကြားလို့လဲ
ရင်မတုန်တတ်တဲ့အရွယ်

ဘာကြောင့်များလဲကွယ်

ငါ့နှလုံးသားမှာ
တစ်စုံ တစ်ခုဟာ
ဝင်ရောက် ကပ်ငြိ
နေမိပြီ ကောင်မလေးရယ်။

မြို့လေး သို့ လွမ်းဆွတ်ခြင်း

လွမ်းတယ်
အဖြူရောင်အတိပြီးတဲ့
ဟို အဝေးဆီက မြို့လေးပေါ့။

ငါ့အိမ်မက်တွေကိုမွေးဖွားပေးခဲ့တဲ့
မြေနီလမ်းလေးရယ်......
ရူးသွပ်မှုတွေကို ဖန်တီးပေးခဲ့တဲ့
တောင်တန်းပြာရယ်
အေးစက်တိတ်ဆိတ်နေတဲ့
ဆောင်းညလေးထဲက
နွေးထွေးတဲနှုတ်ခမ်းလေးရယ်
ဝိုးတဝါးဆောင်းမနက်ခင်းထဲက
ငါ့ကိုရင်ခုန်စေတတ်ခဲ့တဲ့
မျက်ဝန်းလေးရယ်
အသဲကွဲပြီး ငါငိုကြွေးခဲ့ရတဲ့ချိန်
ငြိမ်သက်စွာအဖော်ပြုပေးခဲ့တဲ့
မြက်ခင်းစိမ်းလေးရယ်
ငါ့ရဲ့ဂီတသံကို တိတ်တိတ်လေးနားဆင်ပေးခဲ့တဲ့
လရောင်အောက်က ရေလှိုင်းလေတွေရယ်
အိမ်မက်အသစ်တွေကို
အတူထုဆစ်ခဲ့ကြတဲ့
ငါ့ရဲ့
အဖြူရောင်သူငယ်ချင်းတွေရယ်
လွမ်းတယ်။

ကပ် ငြိ နေတဲ့ နင်






နင့်ရဲ့အသံလှိုင်းတွေက
ငါ့ရင်မှာ ကပ်ငြိတယ်။

နင့်ရဲ့စည်းရုံးမှု့တွေက
ငါ့ရင်မှာ ကပ်ငြိတယ်။

နင့်ရဲ့ပုံရိပ်လွှာတိုင်းနဲ့
ခြေသံတွေလဲ
ငါ့ရင်မှာ ကပ်ငြိ တယ်။

နင့်ရဲ့စူးရုတဲ့မြည်ဟီးသံတွေ
ငါ့နားစည်ထဲကိုကျည်တစ်တောင့်ပြစ်ရိုက်လိုက်သလို
လေရဲ့လျှင်မြန်မှု့အတိုင်း
လိုက်လာလေရဲ့

သွားစမ်းကွာ

တောက်
ရက်စက်တဲ့မုန်တိုင်း
ငါမသိပဲ ငါ့ရဲ့နံနက်ခင်းတေးသွားတွေအလှတွေကို
ရိုက်ချိုးခဲ့တယ်။

လေပြင်းတွေလာခြွေမှ့တော့
သေမင်းတစ်နှယ်ဆီရောက်ခဲ့ပြီပေါ့
နင့်ရဲ့လက်သုံးတော်စွဲစကားလေး
ကံမကုန်ရင် ပြန်ဆုံကြမတဲ့။

နဖူးစာကရွာလည်တာလား
မင်းကပဲရွာလည်နေတာများလား " မိန်းကလေး "
ဒါမှမဟုတ်
ငါကပဲရွာလည်တာလား
အဖြေကို ငါမသိခဲ့။

တစ်ချို့ကိစ္စတွေ
ငါမသိချင်ယောင်ဆောင်နေခဲ့တယ်
အဲဒီပဟေဠိတွေကြောင့်ပဲ

နင့်ကို ငါ မုန်းတယ်

ဒါပေမဲ့ နင် ဆိုတဲ့ နင်ကတော့
ငါ့ရင်မှာ ကပ်ငြိ နေတုန်းပဲ ။

အဆိပ်သင့် " ည "

ဒဏ်ရာရတေးတစ်ပုဒ်ကို
ညည်းရင်းနဲ့ MARCH မှာ
ငါ့ရဲ့မျှော်လင့်ခြင်းမဲ့မိုးတိမ်တွေ
ရွာသွန်းခဲ့တယ်။

ကြက်မ တွန်လို့မိုးမလင်းပေမဲ့
ငါ့အတွက်တော့
အဲ့ဒီညတွေအတွက်ပြောင်းပြန်အချိုးကျနေခဲတယ်။

မှောင်မိုက်တဲ့ညတစ်စုံလို
လရောင်လဲကင်းမဲ့နေခဲ့လို့အဆိပ်သင့်
ကလေးတစ်ယောက်လို
ငိုကြွေးဟစ်အော်ခဲ့ရတဲ့ ည တစ် ည ပေါ့
ဒါပေမဲ့
ကလေးတစ်ယောက်လို
တမ်းတဖို့လဲမဖြစ်နိုင်တော့ဘူးလေ။

လရောင်မရှိပေမဲ့
ကြယ်လေးတွေကိုအဖော်ပြု
ငါ့ သမိုင် ငါ ရေး
ငါ့ မြင်း ငါစိုင်း
ပဲပေါ့
ဘာတွေလွမ်းမေားရအုံးမှာလဲ ကောင်မလေးရယ်။

" မိန်းကလေးတစ်ယောက် ငါ့ရဲ့ မျှော်လင့်ချက်တွေရိုက်ချိုးတဲ့အနက်ရောင် ည " မိုင်းမိုင်

အကြည့်

မင့်အကြည်တစ်ချက်
သာမန်အကြည့်မဟုတ်ခဲ့ဘူး
တော်ဝင်မျက်လုံးတွေနဲ့
လေစင်ရိုင်းလေးလို
မင်အကြည့်ငါ့ရင်ကိုစွဲမက်စေ၏။