တစ်ထောင့်တစ်နေရာက
ငါ့ရဲ့အချစ်တွေ
နားလည်မှုမပေးတတ်တဲ့
ချစ်သူတစ်ယောက်အတွက်
ရင်ခုန်တိုင်းအချစ်တွေကို
...ငါ့ရဲ့ရင်ဘက်ထဲကဖွင့်ဟလာတတ်တဲ့
အချိုမြိန်ဆုံးလိုထင်ခဲ့တဲ့နှစ်ချို.ဝိုင်တစ်ချို.ရယ်
နင်ရယ်ငါရယ်
အပြာရောင်ကောင်းကင်ရယ်
ဓာတ်လှေကားနားက
ငါတို့အတူထိုင်ဖူးတဲ့
လှေကားထစ်တွေရယ်
နင်ခွင့်ကျွေးဖူးတဲ့ထမင်း
တစ်ဇွန်းရယ်
နင်နဲ့အတူထိုင်သောက်ဖူးတဲ့ငါတို့ဆိုင်
ကော်ဖီဘားနားက
ကော်ဖီခွက်လေးတွေရယ်
ငါထမင်းမစားတော့နင်က
"မိုင်း"
ထမင်းဘာလို့မစားတာလည်း
ဆိုတဲ့စကားသံတွေရယ်
ရွှေတိဂုံဘုရားပေါ်မှာနင်နဲ့ငါရွှေသင်္ကန်း
ကပ်လှူခဲ့ဘူးတဲ့နေရာနဲ.ဦး......ဒေါ်..........ဆိုပြီးရေးထိုးပေး
ခဲ့တဲ့billတစ်ချိုရယ်
အမှတ်တရတွေ
အမှတ်တရတွေ
အမှတ်တရတွေ
အမှတ်တရတွေ.......
အခုတော့ဒါတွေက
ငါ့ဘက်မှာရှိမနေခဲ့
ခေါင်းလောင်းထိုးအမျှဝေပေးရတော့မှာလား
နားလည်မပေးနိုင်တဲ့ချစ်သူတစ်ယောက်အတွက်
မိုင်းမိုင်
No comments:
Post a Comment