
နင့်ရဲ့အသံလှိုင်းတွေက
ငါ့ရင်မှာ ကပ်ငြိတယ်။
နင့်ရဲ့စည်းရုံးမှု့တွေက
ငါ့ရင်မှာ ကပ်ငြိတယ်။
နင့်ရဲ့ပုံရိပ်လွှာတိုင်းနဲ့
ခြေသံတွေလဲ
ငါ့ရင်မှာ ကပ်ငြိ တယ်။
နင့်ရဲ့စူးရုတဲ့မြည်ဟီးသံတွေ
ငါ့နားစည်ထဲကိုကျည်တစ်တောင့်ပြစ်ရိုက်လိုက်သလို
လေရဲ့လျှင်မြန်မှု့အတိုင်း
လိုက်လာလေရဲ့
သွားစမ်းကွာ
တောက်
ရက်စက်တဲ့မုန်တိုင်း
ငါမသိပဲ ငါ့ရဲ့နံနက်ခင်းတေးသွားတွေအလှတွေကို
ရိုက်ချိုးခဲ့တယ်။
လေပြင်းတွေလာခြွေမှ့တော့
သေမင်းတစ်နှယ်ဆီရောက်ခဲ့ပြီပေါ့
နင့်ရဲ့လက်သုံးတော်စွဲစကားလေး
ကံမကုန်ရင် ပြန်ဆုံကြမတဲ့။
နဖူးစာကရွာလည်တာလား
မင်းကပဲရွာလည်နေတာများလား " မိန်းကလေး "
ဒါမှမဟုတ်
ငါကပဲရွာလည်တာလား
အဖြေကို ငါမသိခဲ့။
တစ်ချို့ကိစ္စတွေ
ငါမသိချင်ယောင်ဆောင်နေခဲ့တယ်
အဲဒီပဟေဠိတွေကြောင့်ပဲ
နင့်ကို ငါ မုန်းတယ်
ဒါပေမဲ့ နင် ဆိုတဲ့ နင်ကတော့
ငါ့ရင်မှာ ကပ်ငြိ နေတုန်းပဲ ။
No comments:
Post a Comment