
အတိတ်က အရိပ်
ငါ့စိတ်ထဲက ပြေးမထွက်ဘူး
ခင်မင် ပေါင်းသင်း သူယ်ချင်း
တွေ ငါခင်မင်တယ်
တစ်ယောက်တစ်မျိုး
မရိုးနိုင်အောင်
စကားတွေဖလှယ်လို့
ဆည်းဆာညိုတဲ့ ညနေစောင်းမှာ
ငါတတို့ တစ်တွေ
အတူရှိမနေခဲ့ဘူး။
မနက်ဖြန် အာရုဏ်တက်တွေမှာ
ကြက်သွေးရောင် ပတ္တမြား တစ်လုံး
အရှေ့အရပ်ကနေ ထွက်လာတဲ့
နေမင်းလဲ ........
ငါတို့ မမြင်ရတာ
ငါ့ရင်မှာ ..... အို...... နေပြီ
မြို့ပြရဲ့ အလင်းရောင်နဲ့
လမင်းကြီး မျက်နှာငယ်တာ
ငါတို့ အိမ်အပြန်လမ်းမှာ
မြင်တွေ့နေတာ ရိုးအီလို့နေပြီ
မှိတ်တုတ် မှိတ်တုတ်
ကြယ်ရောင်တွေလဲ
ဟော..ဒီ သတ္တ ၊ ကမ္ဘာလူသားတွေကို
ဒီလို.... မြို့ပြ ကြီးထဲမှာ
လမ်းမပြရဲ ရှာဘူး
ဒါပေမဲ့ ... သူငယ်ချင်းရေ
ငါတို့ အိမ် အပြန်လမ်းအတွက် ...... လမ်းပြကြယ်လေးတွေ လိုအပ်နေဆဲပါ။
No comments:
Post a Comment