မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။
Showing posts with label ဘွယ့်ဘွယ်. Show all posts
Showing posts with label ဘွယ့်ဘွယ်. Show all posts

Monday, June 14, 2010

မြို့လေး သို့ လွမ်းဆွတ်ခြင်း

လွမ်းတယ်
အဖြူရောင်အတိပြီးတဲ့
ဟို အဝေးဆီက မြို့လေးပေါ့။

ငါ့အိမ်မက်တွေကိုမွေးဖွားပေးခဲ့တဲ့
မြေနီလမ်းလေးရယ်......
ရူးသွပ်မှုတွေကို ဖန်တီးပေးခဲ့တဲ့
တောင်တန်းပြာရယ်
အေးစက်တိတ်ဆိတ်နေတဲ့
ဆောင်းညလေးထဲက
နွေးထွေးတဲနှုတ်ခမ်းလေးရယ်
ဝိုးတဝါးဆောင်းမနက်ခင်းထဲက
ငါ့ကိုရင်ခုန်စေတတ်ခဲ့တဲ့
မျက်ဝန်းလေးရယ်
အသဲကွဲပြီး ငါငိုကြွေးခဲ့ရတဲ့ချိန်
ငြိမ်သက်စွာအဖော်ပြုပေးခဲ့တဲ့
မြက်ခင်းစိမ်းလေးရယ်
ငါ့ရဲ့ဂီတသံကို တိတ်တိတ်လေးနားဆင်ပေးခဲ့တဲ့
လရောင်အောက်က ရေလှိုင်းလေတွေရယ်
အိမ်မက်အသစ်တွေကို
အတူထုဆစ်ခဲ့ကြတဲ့
ငါ့ရဲ့
အဖြူရောင်သူငယ်ချင်းတွေရယ်
လွမ်းတယ်။