
မဆုံချင်ဘူး . ဒီလိုအဖြစ်အပျက်နဲ့
မတွေ့ချင်ဘူး. ဒီလိုမြင်ကွင်းမျိုးကိုး
စိတ်ကလည်း သိတယ်
မေ့လို့မရတာ ငါ့အပြစ်ပါ
အချိန်တန်ရင် မင်းရင်မှာ
ငါရှိမှာဘဲဆိုတဲ့ အတွေးနဲ့
ပျော်ဝင်နေတာ ငါ့ရင်ခုန်သံ
မဖြစ်နိုင်ဘူးလို့ အခါခါ
ဖြေသိမ့်အတွေးနဲ့
ငါရဲ့ မလှမပ အချစ်ဥယျာဉ်ကို
မင်းနဲံ တွဲလျှောက်ချင်တယ်....ငါ့အရူးလား
ရူးတာမဟုတ်လောက်ဘူး
မှော်ဝင်နေတာ
ဟုတ်တယ် ....မင်းရဲ့အချစ်မှော်တွေ
ဒီနှလုံးသားတည့်မှာ...........
ရူးလောက်အောင်ဘဲ။
No comments:
Post a Comment