မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။

Sunday, August 16, 2009

အချိန်ဆိုလေးစား......

အချိန်ဆိုတာဘာလဲ....?
အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုတဲ့ စကားပုံလေး လိုပါပဲ
အချိန်သည် အရေးကြီးသည်၊အချိန်သည်လူတစ်ယောက်၏
တိုးတက်မှုတစ်ခုဖြစ်သလို၊ လူတစ်ယောက်၏တန်ဖိုးတစ်ခုလည်း
ဖြစ်သည်၊ လူတစ်ယောက် အတွက် အချိန်သည် အကောင်းဆိုး ဒွန်တွဲလျှက်
ရှိသည်၊ လူတစ်ယောက် အတွက် အချိန်သည် အတက်နှင့် အကျ
အကောင်းနှင့် အဆိုးပြည့်နှက်နေတက် သည်၊ အချိန်ရှိခိုက် လုံးလစိုက်
ဆိုတဲ့စကားပုံလေး လိုပါပဲ၊ အချိန်ရှိခိုက် ဦးဆောင်ရမည်.....
လှုပ်ရှားရမည် နေထိုင်ရမည် သွားလာရမည် ပြောဆိုရမည်၊
အချိန်နှင့်တစ်ပြေးညီလှုပ်ရှားနေသူများတွက်အချိန်သည်
တန်ဖိုးရှိသလို တန်ဖိုးမဲ့တာတွေလည်းရှိပါသည်။
အချိန်သည်မိမိအတွက် ကောင်းကျိုး ဆိုးကျိုးများနှင့်ပြည့်
နှက်၍နေသည်၊ အချိိန်ကိုလေးစားသူများကား လူအများနှင့်
ပေါင်းသင်းဆက်ဆံရေးတွင် အောင်မြင်မည်၊ လူအများ
ချီးမွန်းမှုခံရ၍ လေးစားမှု ခံရမည်။......
အချိန်ရဲ့တန်ဖိုးကိုမသိသူများက လူအများနှင့်ဆက်ဆံရေးတွင်
အဆင်မပြေသလိုပဲ လူအများ၏ အပြစ်တင်မှု သိက္ခာကျ မှုများ
နှင့်ရင်ဆိုင်ရမှာ အမှန်ပါပဲ....
အချိန်နှင့် တစ်ပြေးညီလှုပ်ရှားနေရသောလူအများအတွက်
မရှိမဖြစ် လိုအပ်သော အရာသည် အချိန်ဖြစ်ပါကြောင်း
ထပ်လောင်း၍ပြောပါရစေဗျ.......
ကဲ....?....ဆက် တွေး ရ အောင်...
အချိန်နှင့်အမျှတိုးတက်ကြပါစေလို့ ဆန္ဒပြုလျှက်......
ဆက်လက်ရေးသားမဲ့ဆောင်းပါး အလုပ်ဆိုအကြွေးမထားနှင့်......

No comments:

Post a Comment