မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။

Monday, August 17, 2009

မလေးရှားရဲ့ မိုးခါးည

















♥ AUGUST တဲ့
အတောမသတ်အောင်
ရောယှက်တဲ့မျက်ရည်စတွေက
အလွမ်းတွေနဲ့အတူ ပြာကျစေတယ်…

♦ MALAYSIA ရဲ့
မိုးခါးညများမှာ
မိသားစုဓါတ်ပုံလေးကို
ဘေးချလို့ ဖေးမသူ
အတေအလေတစ်ချို့ နဲ့
အဖေအမေတို့ကို လွမ်းလိုက်တာဗျာ…

♥ ဘ၀တွေကြမ်းတမ်းလို့
ရမ်းသမ်းကာ
လျှောက်နေရတဲ့လမ်းတွေမှာ
ပရမ်းပတာဖြစ်နေတဲ့
အလွမ်းတွေနဲ့
နွေးထွေးမဲ့ရင်ခွင်
ပြေးထွက်ခဲ့ချင်တယ်…

♦ ထမင်းတစ်လုပ်အတွက်
ရင်းထုတ်ရတဲ့
အားအင်တွေက
မမျှတလို့
ဘ၀အစပဲခေါ်မလား
ခဏခဏလဲ..
ညညလည်းအိပ်မပျော်လို့
မျက်ရည်ပင်လယ်မှာပဲ
နစ်ပြီးရင်းနစ်
ဝဠ်ကြွေးတွေကြောင့်လား
ပစ်ပြေးတဲ့ချစ်သူကလည်း
ရှိပြန်တော့ မချိတင်ကဲ…

♥ မတူညီတဲ့စရိုက်တွေကြားမှာ
ရက် လ နှစ်တွေဖြတ်သန်းလို့
မျှော်မှန်းခဲ့တဲ့ ရွှေရောင်တိုင်းပြည်က
အိပ်မက်သာသာပေါ့…
နွေးထွေးတဲ့ရင်ခွင်အစုံကို
စုန်ကန်လို့
ယုံကြည်ရာ
အတ္တအမှောင်အိမ်ထဲမှာ
လမ်းပျောက်နေလို့ မေမေရေ….
သားမိုက်အိမ်ပြန်ချင်ပြီဗျာ…




http://www.malaysiammbloggers.co.cc

No comments:

Post a Comment