မိုင်း မိုင် အကြောင်းလေးပေါ့

My photo
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြေားတဲ့စကားတစ်ခွန်းဟာ "ရေ"ပေါ်မှာ အရုပ်ရေးသလိုဖြစ်သွားပြီလို့သိလိုက်ရတဲ့ အချိန်မှာတော့ရင်ထဲမှာရင်ထဲမှာနွမ်းကြေမှု့တွေနဲ့အတူအလွမ်းတွေစုလို့နေပြီ။

Friday, August 28, 2009

~~ ကျေနပ်သူ ~~





















ချစ်သူများတဲ့ သူ့ဇာတ်လမ်းတွေအကြောင်း
ကျေးဇူးပြုပြီး ပြောမပြပါနဲ့လား သူငယ်ချင်းရယ်
ဘယ်လိုပဲဖြစ်ဖြစ် ငါကချစ်ခဲ့မိပြီလေ

တစ်နေ့ကျန်ခဲ့ရမယ်ဆိုတဲ့စကား
ထပ်မကြားပါရစေနဲ့တော့လား
ငါသိပြီးသားအကြောင်းမို့ ခေါင်းထဲထည့်မနေချင်တော့ဘူး

ပြင်ချင်ရင်ပြင်ပါ အချိန်မှီပါသေးတယ်တဲ့လား
ဟင့်အင်း နေပါစေတော့ဟာ
ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ရင်ကွဲခံပါ့မယ်

ဘယ်လောက်ပြောပြော ဦးနှောက်ကိုမရှိဘူးတဲ့လား
ငါသူ့ကို ချစ်ခဲ့တာ နှလုံးသားနဲ့ပါဟာ
နှလုံးသားထဲမှာ ဦးနှောက်ပါတယ် ဆိုတဲ့အကြောင်း
ဘယ်ဆရာဝန်ပြောတာ ကြားဖူးပါသလဲ

ဘယ်တော့မှ အပိုင်ရလိမ့်မှာမဟုတ်ဘူးတဲ့လား
ကိစ္စမရှိပါဘူး သူငယ်ချင်းရာ
ငါ့နှလုံးသားထဲ သူ့ပုံရိပ်တစ်ခုထည့် တစ်သက်လုံးအတွက် အသက်ဆက်လို့ရတယ်လေ
ခဏလေးပဲဖြစ်ဖြစ် သူ့အတွေးထဲနေခွင့်ရတယ်ဆိုရုံနဲ့တင်
တစ်ဘ၀လုံးအတွက် အဖော်မဖြစ်ရလည်း ကျေနပ်မယ့်သူဟာ ငါပါ ………….။။။။
post by mail

No comments:

Post a Comment